TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Tuesday, November 26, 2013

သူငယ်ချင်းသို့



သူငယ်ချင်းသို့
**********
 သူငယ်ချင်း
ရတာမလို လိုတာမရတဲ့ဘဝကြီးမှာ
အလိုမကျတာတွေပဲ များနေတော့
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျဘူးပေါ့

ငါ နားလည်ပါတယ် သူငယ်ချင်း

ပျော်ရာမှာ မနေရ
တော်ရာမှာနေရတဲ့
သူငယ်ချင်းရေ
တော်ရာ မှာနေပေမဲ့
အပျော်ရှာပြီး
မတော်တာတွေပဲ လုပ်နေရင်တော့
ရည်မှန်းချက်တွေပျောက်ပြီး
ဘဝက လမ်းဘေးရောက်
အမှိုက်ကောက်နေရမယ် သူငယ်ချင်း

သူငယ်ချင်းရေ
အစားမတော် တစ်လုပ်
အသွားမတော် တစ်လှမ်းတဲ့
မင်းရွှေ့ တဲ့ ခြေလှမ်း
မကောင်းတဲ့ဘက် ကို သန်းနေရင်တော့
ခလုတ်တိုက်ပြီး ချော်လဲ
ဘဝတွေစုတ်ပြဲ သွားလိမ့်မယ် သူငယ်ချင်း

သူငယ်ချင်းရေ
ရှေ့ကို လှမ်းတာချင်းအတူတူ
အမြင့်ကို တတ်ချင်ရင်တော့
ခြေထောက် နည်းနည်းကြွဖို့ လိုလိမ့်မယ်
ဒါကြောင့်
ရည်မှန်းချက်မပျောက်ခင်
ပန်းတိုင်ရောက်ဖို့
အားတင်းပြီး
ရှေ့ဆက်လျှောက်ကြပါစို့ 

အမုန်းရိုင်း

No comments:

Post a Comment