TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Tuesday, December 24, 2013

တောင်ငူ ကုန်သည် ကြီးလမ်း ၀င်းကမ္ဘာ ဖုန်းဆိုင်အနီးမီးလောင် ၁နာ၇ီတွင်စတင်လောင်ကျွမ်း လူနေအိမ် ၄ လုံးခန့်လောင်ကျွမ်း

တောင်ငူမြို့ ကုန်သည်ကြီးလမ်း ၀င်းကမ္ဘာဖုန်းဆိုင် အနီးတွင် မီးလောင်မှုဖြစ်

မနက် ၁ နာရီအချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ၀င်းကမ္ဘာုဖုန်းဆိုင်၊ ၀င်းသီရိ လက်ဖက်ပဲကြော်ဆိုင်၊ စိုးရတနာရွှေဆိုင်နှင့် အထည်ဆိုင်လုပ်ငန်းအိမ် တစ်လုံးတို့လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်မှုအရှိန်များသောကြောင့် တောင်ငူမြို့နယ် မှ မီးသတ်ကားများအပြင် ရေတာရှည် အုတ်တွင်းတို့မှ မီးသတ်ကားများပါ လာရောက်ကူညီငြိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှု အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့သည်။ လက်ရှိအချိန်တွင် မီးညွှန့်ချိုးနိုင်ခဲ့ပြီး
အပြီးသတ်ငြိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ ကြိုးစားလျှက်ရှိကြောင်းသိရပါသည်။ မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ် ကြီးကြပ်လျှက်ရှိပြီး မည်သို့ မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းလျှက်ရှိကြောင်းသိရပါသည်။ မီးသတ်တပ်ဖွဲ့ဝင်များကို တောင်ငူမြို့ရှိ ရေဂါလံ ၃၄၀၀၀ ခန့်ဆန့်သော တင်းလဲရေဘော်ဆာ ၄စီး ခန့် ရေသည်ပေးနေသည်ကိုတွေ့ရပါသည်။
                                                                            

No comments:

Post a Comment