အရှုံးသမား
********
အဝေးခနလှမ်းမြင်
အတူဆုံ ကြုံရလျှင်ရူး
ချစ်သူ ရှိမှန်းသိလျှက်
နောက်ဆုတ်လဲ မထူးတော့ပြီမို့
အသည်းနုနု အချစ်မြှားစူးဝင်
ရင်တစ်ခုလုံး ကျွမ်းချင်ကျွမ်းစေတော့
ရှောင်ပုန်းပြေးကွယ်
မေ့ဖျောက်ဖို့  မစွမ်းနိုင်တော့ပြီ သခင် ...
ချစ်မိလျှင် ကျွန်ဖြစ်
အမုန်းနွံနစ်ချင်နစ်ပါစေ
ကျိန်စာသင့် အချစ်မြှား
သြော် ... မြှားနတ်မောင်ရယ်
ငါ့အတွက် တမင်များ ထားခဲ့လေရော့သလား ...
အရိပ်တကြည့်ကြည့်နဲ့
အသည်းပေါက်မတတ် ချစ်သော်လည်း
သူငယ်ချင်းဆိုတဲ့စည်း
ကာဆီးထားလို့
ဖွင့်မပြောဝံ့သူဘဝ
ခုတော့ ... နောက်ကောက်ကျခဲ့ပေါ့
နှလုံးသားက နာကျင်ခံခက်
အားချိနဲ့ကာ
နှုတ်ဆက်ခဲ့ပါတယ်သခင်
သြော်ဘာလိုလိုနဲ့
ချစ်သူနဲ့လဲဝေး ...
လက်ပြနှုတ်ဆက်
ကျောင်းတော်ကြီးနဲ့လဲဝေး ...
ကျော်ခိုင်းလှည့်ထွက်
အိမ်ပြန်လမ်းမှာ တစ်ယောက်ထဲ ဆွေး ...
ခေါင်းငိုက်စိုက်လျှက် ...
အမုန်းရိုင်း
အတူဆုံ ကြုံရလျှင်ရူး
ချစ်သူ ရှိမှန်းသိလျှက်
နောက်ဆုတ်လဲ မထူးတော့ပြီမို့
အသည်းနုနု အချစ်မြှားစူးဝင်
ရင်တစ်ခုလုံး ကျွမ်းချင်ကျွမ်းစေတော့
ရှောင်ပုန်းပြေးကွယ်
မေ့ဖျောက်ဖို့  မစွမ်းနိုင်တော့ပြီ သခင် ...
ချစ်မိလျှင် ကျွန်ဖြစ်
အမုန်းနွံနစ်ချင်နစ်ပါစေ
ကျိန်စာသင့် အချစ်မြှား
သြော် ... မြှားနတ်မောင်ရယ်
ငါ့အတွက် တမင်များ ထားခဲ့လေရော့သလား ...
အရိပ်တကြည့်ကြည့်နဲ့
အသည်းပေါက်မတတ် ချစ်သော်လည်း
သူငယ်ချင်းဆိုတဲ့စည်း
ကာဆီးထားလို့
ဖွင့်မပြောဝံ့သူဘဝ
ခုတော့ ... နောက်ကောက်ကျခဲ့ပေါ့
နှလုံးသားက နာကျင်ခံခက်
အားချိနဲ့ကာ
နှုတ်ဆက်ခဲ့ပါတယ်သခင်
သြော်ဘာလိုလိုနဲ့
ချစ်သူနဲ့လဲဝေး ...
လက်ပြနှုတ်ဆက်
ကျောင်းတော်ကြီးနဲ့လဲဝေး ...
ကျော်ခိုင်းလှည့်ထွက်
အိမ်ပြန်လမ်းမှာ တစ်ယောက်ထဲ ဆွေး ...
ခေါင်းငိုက်စိုက်လျှက် ...
အမုန်းရိုင်း
No comments:
Post a Comment