TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Friday, December 6, 2013

ကျောင်းလမ်းမကြီး ဧပြီလမတိုင်ခင်အပြီးခင်းမည်

တောင်ငူနည်းပညာတက္ကသိုလ်ကျောင်းအဝင်လမ်းမကြီးနှင့်ပတ်သက်၍
(3-12-2013)……ညနေ……… ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်|တောင်ငူခရိုင်
ကျောင်းသားများသမဂ္ဂနှင့်တောင်ငူနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မှ ကျောင်းသားရဲဘော်များသည် တောင်ငူနည်းပညာတက္ကသိုလ်ကျောင်းအ၀င်လမ်းမကြီးအားယခုအချိန်အထိ မခင်းရသေးခြင်းအား တောင်ငူနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမောင်မောင်လတ်
အားသွားရောက်မေးမြန်းခဲ့သည်။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ 
စာထွက်ပြီဖြစ်သော်လည်း စက်မှုနှင့်သက်မွေးပညာဦးစီးဌာနမှ စာမထွက်သေးခြင်းကြောင့်ကြန့်ကြာနေခြင်းဖြစ်ကြောင်း မည်သို့ပင်ဖြစ်စေကာမူ ဧပြီ လမတိုင်မှီ အပြီးလုပ်ဆောင်သွားမည်ဟု ပါမောက္ခချုပ်မှ ပြောကြားပါသည်။
ထို့နောက် သုံးထပ်ဆောင်ကိုလည်းမကြာမီဆောက်လုပ်တော့မည်ဖြစ်ကြောင်း ပါမောက္ခချုပ်ဒေါက်တာမောင်မောင်လတ်မှ ပြောကြားခဲ့ပါသည်။

credit by (သတင်းနှင့်ပြန်ကြားရေးကော်မတီ)တောင်ငူခရိုင်ကျောင်းသားများသမ
ဂ္ဂ

No comments:

Post a Comment