TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Tuesday, November 26, 2013

ချစ်သူ့ အပြုံး



ချစ်သူ့ အပြုံး
*********

ဖြူစင် သန့်ရှင်း
အပြစ်ကင်းသည့်
ချစ်သူ့ မျက်နှာ
လထက်သာသည်
ရွှန်းလဲ့တောက်ပ

အပြုံးလှ၍
နှာတံကစင်း
နှစ်လွှာတင်းသည့်
ချစ်သူ နှုတ်ခမ်း
ပန်းရောင်သန်းသည်
မျက်ဝန်းညိုညို
ရွှန်းလဲ့စို၍
ချစ်ရိပ်ရောင်လွှမ်း
ပြုံးရောင်သန်းသည့်
ချစ်သူ့ အပြုံး
အလှဆုံးဟု
စိတ်မှာထင်မြင်
မေတ္တာဝင်ပြီး
ချစ်သူပါးပြင်
ခိုးနမ်းချင်သည်
သူ လေ စိတ် များ စိုး လေ မလား


အမုန်းရိုင်း

No comments:

Post a Comment