အဖြူထည်
***********
"အကြင်နာမှာအသွားအပြန်ရှိတယ်" ဆိုတာကို
ယုံကြည်လွန်းလို့တော့
မဟုတ်ပါဘူး......
မင်းအချစ်ကို ပြန်မျှော်လင့်ခဲ့တာအမှန်ပါ....
"မေတ္တာဟာ
ရောင်ပြန်ဟပ်တယ်"
ဆိုတဲ့ အတွေးနဲ့ပေါ့........
"မှန်ကိုတောင်ပြုံးပြမိရင် ပြန်ပြုံးပြတယ်"
ဆိုတဲ့
နိယာမကြောင့်လဲပါတယ်.........
ဒါပေမဲ့ ချစ်သူရယ်
မင်းကငါ့အချစ်ကို
ပြဒါးမှသုတ်ခွင့်မပြုတာနော်.........
ကာရန်ချို(civil)
No comments:
Post a Comment