အချိန်ကပြောတဲ့စကားး
**********************
ကွင်းပြင်ကျယ်ကြီးး
ငါပြေးလွှားပီးး ဆော့ချင်နေမိသေးတယ်.....
ငါပါးကသနပ်ခါး
ပါးကွက်ကြားလေး ဆွဲချင်နေမိသေးတယ်......
မွန်းကြပ်မှုတွေ ရင်မှာပြည့်ရင်
မေမေ့ရင်ခွင်
ပြေးဝင်ပီးတော့
ချွဲနွဲ့ချင်နေသေးတယ်...
ဒါပေမဲ့
နံရံပေါ်က
တချပ်ချပ်နဲ့ နာရီအိုကြီးက
တိတ်တခိုးလေး ကြိတ်ပြုံးပီး
ကောင်မလေး မင်းအသက်မငယ်တော့ဘူးတဲ့လေ.....
ကာရန်ချို(civil)
•••••••••••••••••••••••••••••••
No comments:
Post a Comment