နည်းပညာတက္ကသိုလ်တွေမှာ Labမလုပ်ရဘူး Practicalတွေ အများကြီးမလုပ်ရဘူးလို့ အားနေ အော်မနေနဲ့လေ
သူတို့ကိုယ်တိုင် အများကြီး တာဝန်မယူ အာမ မခံနိုင်လို့ 1st yr to BE Labဖိုး နှစ်တိုင်း ၅၀၀ကျပ်ပဲ ကောက်တယ်။ နို
င်ငံတကာလိုသင်ချင်ရင် နိုင်ငံတကာလောက်ကောက်မှာပေါ့။ ခု၅၀၀ပဲဆိုတော့ ၅၀၀ဖိုးလောက်တော့ သင်ပေးပါတယ်။
တက္ကသိုလ်အလိုက် Labပစ္စည်းရှိမှု အနည်းအများ ကွာပေမယ့် ပစ္စည်းတွေရှိပါတယ်။ ဒီတော့ တကယ်လုပ် တကယ်တတ်ချင်ရင် ထိပ်ဆုံးက သမ္မတ၊ ဝန်ကြီး၊ ပါချုပ်၊ ဆရာတွေကိုပဲ အော်မနေနဲ့ အောက်ဆုံးက ကိုယ်နဲ့ ကိုယ့်ဘော်ဒါတွေ၊ ကိုယ်အတန်းက လူတွေ အချင်းချင်း ညီအောင်လုပ်၊ တကယ်လုပ်ချင်တဲ့ လူတွေစုပြီး အားတဲ့အချိန်လေးတွေ Labခန်းတွေဆီသွား၊ Labသင်ပေးနိုင်တဲ့ ဆရာတွေဆီသွား ခွင့်တောင်းပြီး ပစ္စည်းတွေလေ့လာ၊ မေးမြန်း၊ စမ်းသပ်ပြီး ပစ္စည်းတွေနဲ့ ရင်းနှီးလာတာနဲ့အမျှ စွန့်ဦးတီထွင်လေ့လာချင်စိတ် ပိုများလာနိုင်တယ်။ အဲ့အချိန် ဘယ်လိုစာအုပ်တွေလေ့လာဖို့ အကောင်းဆုံးဆိုတာ ဆရာတွေဆီက အကြံဥာဏ်တောင်း၊ မေးမြန်း၊ အချင်းချင်း ဆွေးနွေးတိုင်ပင်ကြပြီး လေ့လာမှုတွေ ဆက်လုပ်ပါ။
လက်တွေ့တွေအပေါ် စိတ်ဝင်စားမှု များလာတာနဲ့အမျှ ကိုယ့်မေဂျာအပေါ် စိတ်ဝင်စားမှုများလာပြီး စူးစမ်းလေ့လာမှု အားကောင်းလာနိုင်ပါတယ်။ ဆရာတွေဘက်က အားပေး အကြံဥာဏ်ပေးမှုတွေလဲ အရေးပါပါတယ်။
ဒီတော့ Labတွေ သေချာလုပ်ချင်သူများ ကိုယ့်နဲ့ ဝါသနာတူတွေစု စာတွေ လေ့လာပြီး ကျနော်တို့ရဲ့ စူးစမ်းမှုတွေ စလိုက်ကြရအောင်။
>>>NNH<<<
Credit to >>>>>>> GTU online <<<<<<<<
No comments:
Post a Comment