TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Friday, November 29, 2013

ခံ့ညားထည်​၀ါ နည်းပညာ

" ခံ့ညားထည်ဝါ နည်းပညာ "
*************************

တိမ်များကင်းစင် ပြာလွင်ကောင်းကင်
ညို့မှိုင်းတောင်တန်း ပတ်လည်ဝိုင်းသည်
အင်ဂျင်နီယာများ မွေးထုတ်ပေးရာ
ခံ့ညားထည်ဝါ နည်းပညာ။

ဘက်စုံထက်မြက် အင်ဂျင်နီယာပညာရပ်
စာပေအပြင် ထူးချွန်အားကစား
ပရဟိတ အလှူများစွာ
လက်မနှေးတာ နည်းပညာ။

Lecture ချိန်ပင် သွေးလိုအပ်လျှင်
ကေတုမတီ တောင်ငူမြေသို့
အပြေးအလွှား လှူဒါန်းပါသည်
မြင့်မြတ်စေတနာ နည်းပညာ။

ပူပြင်းခြောက်သွေ့ နွေကာလပင်
ရွာငယ်များထိ လိုက်လံဝေသည်
ကြည်လင်အေးမြ ရေကြည်အဝဝ
လှူဒါန်းဖြူပြာ နည်းပညာ။

အသိဥာဏ်ပညာ ကြွယ်ဝဖို့ရာ
ရပ်ရွာပြည်သူ ဗဟုသုတယူ
စိတ်မှာစွဲမြဲ စာပေဟောပြောပွဲ
ကျင်းပပေးတာ နည်းပညာ။

ကျောင်းတော်တည်ရာ ပတ်ဝန်းကျင်နေရာ
ဘက်စုံဖွံ့ဖြိုး တိုးတက်စေဖို့
တက်စွမ်းသမျှ လုပ်အားဉာဏ်အား
အစွမ်းကုန်သုံးတာ နည်းပညာ။

လောကကောင်းကင် ကမ္ဘာတစ်ခွင်
ကြယ်ပွင့်များအလား အင်ဂျင်နီယာများ
မွေးထုတ်ပေးရာ ကေတုမတီမှ
ခံညားထည်ဝါ နည်းပညာ။

nYeIn (civil)

No comments:

Post a Comment