TU​တောင်​ငူ Blogကိုလာ​ရောက်​ကြည့်​ရှုသဖြင့်​​ကျေးဇူးအထူးတင်​ရှိပါသည်​။

Thursday, November 21, 2013

Android ဖုန်းဖြင့် facebook အကောင့်သစ်ပြုလုပ်နည်း

အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ facebook မှမသုံးရင် ခေတ်နောက်ကျတာပေါ့ဗျာ။ facebookကနေမှကိုယ်ကြိုက်တဲ့ အကြောင်းအရာတွေကို page/group တွေကနေရှာနိုင်ပါတယ်။ သတင်းတွေလဲ ဖတ်နိုင်တယ်ပေါ့နော်။
ဒါပေမယ့်အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကနေအကောင့်ပြုလုပ်ရတာမရတော့ပါဘူး။ ဖုန်းနံပါတ်တောင်းပြီးကုတ်ထည့်ခိုင်းလို့ပါ။အခုနည်းကတော့proxy ပြောင်းပြီးအကောင့်သစ်လုပ်တဲ့နည်းပါ။
အရင်ဆုံး ဆော့ဝဲလ်လေးနှစ်ခုကို ဒီမှာ ကနေဒေါင်းလိုက်ပါ။ပြီးရင် install လုပ်ပါမယ်။


၁။ ပထမဆုံး easy vpn ကိုဖွင့်လိုက်ပါ။

၂။ Proxy ကိုစရှာနေပါလိမ့်မယ်။

၃။ ပြီးရင်နိုင်ငံတွေပေါ်လာပါလိမ့်မယ်။ ကြိုက်တဲ့နိုင်ငံတစ်ခုရွေးပါ ။ ကျွန်တော်လုပ်တုန်းကတော့

South korea ကိုရွေးရင် ပိုအဆင်ပြေတယ်ဗျ။ သူက confirmatiom code မတောင်းဘူးလေ။

၎။ Connect ကိုရွေးလိုက်ပါ။

၅။ Connect ကိုပဲထပ်ရွေးလိုက်ပါ။

၆။ Byte out က100ကျော်ပြီး Byte in က မတက်ရင် အဆင်မပြေဘူးဗျ။ အဲ့တာဆို disconnect ကိုရွေးပြီးနိုင်ငံပြန်ရွေးပေးပါ။

၇။  Byte in တက်လာပြီဆို သိပ်မကြာပါဘူး notification မှာသော့ပုံလေးပေါ်လာလိမ့်မယ်။ 

၈။ နောက်ပိုင်း gmail နဲ့ facebook အကောင့်လုပ်တာကတော့ ပုံမှန်လုပ်သလိုပါပဲ။


မှတ်ချက် ။  ။ facebook အကောင့်လုပ်ရင် နိုင်ငံခြားနာမည်ပေး  ပေးပါခင်ဗျာ။ ဥပမာ … John Smitt ပေါ့။
နောက်မှနာမည် ပြန်ပြောင်းလို့ရပါတယ် ….။

သူငယ်ချင်းတို့ အဆင်ပြေ/ မပြေဆိုတာကို comment ပေးခဲ့ပါခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။


Member ၀င်ပြီး ကဗျာ/၀တ္ထု/ဆောင်းပါး/ကျောင်းသတင်းများရေးနိုင်ပါတယ် ခင်ဗျာ..။ member ၀င်လိုပါက tutgo11@gmail.com ကို mail ပို့ပေးနိုင်ပါတယ်ခင်ဗျာ..။
 

 
 
 

No comments:

Post a Comment